Greenland နိုင်ငံရဲ့ မြို့တော် Nuuk
အက်စကီမိုတွေနေကြတဲ့ဂရင်းလန်း(Greenland) က Denmark နိုင်ငံထဲကပါ။
အက်စကီမိုလူမျိုးစုတွေဟာ အလွန်အေးတဲ့Siberia(Russia), Alaska(US), Canada တို့မှာလဲနေထိုင်ကြကြောင်းသိရပါတယ်။
ဂရင်းလန်းကျွန်းကအာတိတ်(Arctic)နဲ့ အတ္တလန်တိတ်(Atlantic) သမုဒ္ဒရာ ၂စင်းကြားမှာရှိပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ရေးရထားပြီး ဒိန်းမတ်လွှတ်တော်မှာအမတ် ၂နေရာရထားပါတယ်။
အက်စကီမိုလို့မခေါ်ကြတော့ဘဲ ဂရင်းလန်းဒါးလို့ခေါ်ပါတယ်။
ကိုယ်ပိုင်စကားရှိပြီးဒိန်းမတ်စကားလဲပြောတတ်ကြပါတယ်။
ဧရိယာအကျယ်အ၀န်း 836109 square miles ရှိပြီး လူဦးရေ ၅သောင်းခွဲကျော်ဘဲနေထိုင်ကြတာပါ။
ကမ္ဘာပေါ်မှာ လူဦးရေအနည်းဆုံးတိုင်းပြည်လို့ Wikipedia မှာဖေါ်ပြထားပါတယ်။
Greenland ရဲ့မြို့တော်ကတော့ Nuuk လို့အမည်ရပြီး လူဦးရေ တစ်သောင်းခြောက်ထောင်ကျော်ဘဲရှိ
တာကြောင့် One of the smallest capital cities in the world by population. လို့ Wikipedia မှာ
ရေးထားတာလည်းမှတ်သားရပါတယ်။
Greenland တစ်နိုင်ငံလုံးလူဦးရေရဲ့ ၈၈ ရာခိုင်နှုန်းဟာ အက်စကီမိုတွေဖြစ်ကြပြီး ဥရောပကလူဖြူ
တွေနဲ့မတူဘဲ မွန်ဂိုလီးယား တွေနဲ့ ဆင်တာတွေ့ရပါတယ်။ ကျန်သူများကတော့ ဒိန်းမတ်လူမျိုးနဲ့
အခြားဥရောပလူမျိုး များဘဲဖြစ်ကြပါတယ်။
ဒိန်းမတ်ပြည်မကြီးနဲ့အဝေးကြီးမှာရှိပြီးလေကြောင်းတစ်ခုသာရှိကာ ဒိန်းမတ်နိုင်ငံရဲ့မြို့တော် ကိုပင်ဟေဂင်
ကနေ Nuuk မြို့ကို ၆ နာရီကျော်ကြာ လေယာဉ်စီးရမှာဘဲဖြစ်ပါတယ်။
၁၉၇၀ ၀န်းကျင်ကျွန်တော် ၃၊ ၄ တန်းလောက်တုန်းက ဂရင်းလန်းမှာရေခဲတွေနဲ့ အိမ်ဆောက်နေတဲ့ အက်(စ်)ကီမိုလူမျိုးတွေအကြောင်းပထ၀ီမှာသင်ခဲ့ရဘူးတယ်။
အညာသားကျွန်တော့်အတွက်သူတို့ အစားအရမ်းချမ်းနေခဲ့ရဘူးတယ်။
အခုတော့ရေခဲအိမ်တွေနဲ့ မနေကြတော့ပါဘူး၊ ခွေးဆွဲတဲ့စွပ်ဖားတွေနဲ့ တော့သွားလာငါးရှာနေကြဆဲပါ။
သူတို့ကရေခဲမှာဘဲပျော်ကြပါတယ်၊ တစ်ချို့လဲဒိန်းမတ်ပြည်မကြီးမှာအခြေကျနေပါပြီ။
ဒိန်းမတ်မှာနေတဲ့ကျွန်တော့်အသိ အက်စကီမို(ဂရင်းလန်းဒါး)တစ်ယောက်ကတော့
ကျွန်တော်တို့အနွေးထည်ဝတ်နေရတုန်းနွေဦးရာသီ March လလောက်မှာ
"အိုက်စပ်စပ်ဖြစ်လာပြီ ဒီနွေတော့ ဂရင်းလန်းပြန်လည်အုံးမှ"လို့ပြောပါတယ်။
ကိုပင်ဟေဂင်ကနေ Nuuk ကိုလေယာဉ်လက်မှတ်ကတော့ US သွားတာထက်ဈေးကြီးတတ်ကြောင်း
စာရှု့သူမိတ်ဆွေများကို အတိုအထွာဝေမျှလိုက်ရပါတယ်ခင်ဗျား။
(Fb post. May,2013)
"အိုက်စပ်စပ်ဖြစ်လာပြီ ဒီနွေတော့ ဂရင်းလန်းပြန်လည်အုံးမှ"လို့ပြောပါတယ်။
ကိုပင်ဟေဂင်ကနေ Nuuk ကိုလေယာဉ်လက်မှတ်ကတော့ US သွားတာထက်ဈေးကြီးတတ်ကြောင်း
စာရှု့သူမိတ်ဆွေများကို အတိုအထွာဝေမျှလိုက်ရပါတယ်ခင်ဗျား။
(Fb post. May,2013)
No comments:
Post a Comment