ဆေးရုံမှာ ကလေးတွေကိုချော့မြှူ နေတဲ့ ဖိုးပြုံးချို မပြုံးချို
ပြီးခဲ့တဲ့အပါတ်တုန်းက ကျွန်တော်တို့ဇနီးမောင်နှံ မိတ်ဆွေရဲ့သားလေးကို
လိုက်ပို့ကြရင်း Rigs Hospital ကိုရောက်ခဲ့ကြပါတယ်။
ပြည်သူ့မျက်နှာကြီးတဲ့နိုင်ငံများပြောပါတယ်..
ပြည်သူလူထုရဲ့ခလေးတွေကိုကုသပေးတဲ့ခလေးကုသဆောင်မှာ
အထူးသင်တန်းဆင်းပြီးသား ဖိုးပြုံးချို နဲ့ မပြုံးချို တို့က ကလေးကိုစမ်းသပ်လို့
ရအောင်ဖျော်ဖြေပေးနေတာနဲ့ကြုံ ခဲ့ရပါတော့တယ်။
ငိုနေတဲ့ကလေးတွေ၊ ကြောက်နေတဲ့ကလေးတွေရဲ့ နှလုံးခုန်နှုန်းပုံမှန်ဖြစ်သွား
အောင်ဆောင်ရွက်ခြင်းဘဲဖြစ်ပါတယ်။
အကြောင်းမလှလို့ဆေးရုံတက်နေရရှာတဲ့ကလေးတွေရဲ့စိတ်ဓါတ်ရေးရာကိုလဲ
မြှင့်တင်ပေးတဲ့တာဝန်ထမ်းဆောင်ပါတယ်။
ဆေးရုံဖိုးပြုံးချို ၊ မပြုံးချို တွေဟာအဲဒီကလေးတွေကိုဖျော်ဖြေပေးတဲ့အလုပ်ကို
ဘဲလုပ်တဲ့သီးသန့်ဝန်ထမ်းတွေဖြစ်ပြီး စာတွေ့လက်တွေ့ ၃ လကျော်ကြာတဲ့
ဆေးရုံဖိုးပြုံးချို ပညာရေးဒီပလိုမာရယူထားကြသူများဖြစ်ကြောင်းလဲသိရှိရပါတယ်။
သူတို့ဟာဆရာဝန်တွေ၊ သူနာပြု တွေနဲ့ အလုပ်ပူးတွဲလုပ်ဆောင်ကြရပြီး
သူတို့ကိုယ်တိုင်လဲနားကြပ်ကိုင်ဆောင်တာတွေ့ရပါတယ်။
ပြည်သူထဲကအမျိုးသမီးတွေလဲအဲဒီဆေးရုံမှာမီးဖွားမြင်ကြသလို
လက်ရှိဘုရင်မရဲ့ချွေးမ၊၊ ကျွန်တော်တို့မြန်မာပြည်ကိုအလည်လာသွားတဲ့
မင်းသမီး Mary လဲဒီဆေးရုံမှာဘဲမီးဖွားခဲ့ပါတယ်။
ဆေးရုံကိုဘာတစ်ပြားမှပေးစရာမလိုတဲ့တကယ့်အခမဲ့ဘဲဖြစ်ပါတယ်။
ပြည်သူ့ဒီမိုကရေစီစနစ်ကျင့်သုံးနေတဲ့နိုင်ငံဖြစ်တာနဲ့အညီ
ပြည်သူလူထုရဲ့ကျန်းမာရေး၊စားဝတ်နေရေး၊ ဆက်သွယ်ရေး၊ သွားလာမှုချောမွေ့ရေး
စတာတွေဟာအစိုးရရဲ့ အဓိကတာဝန်တွေဘဲဖြစ်ပြီးလက်တွေ့လဲဆောင်ရွက်နေကြ
တာတွေကိုတွေ့ရကြောင်းစာရှု့သူမိတ်ဆွေများကိုမျှဝေလိုက်ရပါတယ်ခင်ဗျား။
( 2014, Envoy ဂျာနယ် )
No comments:
Post a Comment