Friday, 2 October 2015

အိပ်ကောင်းခြင်းမအိပ်ရတဲ့ဒိန်းမတ်က ကလေးတွေ

                                               ကြီး ၅ ကြီး  Breakfast

ဒိန်းမတ်နိုင်ငံကခလေးတွေခမျာမတော့ကျွန်တော်တို့ငယ်ငယ်တုန်းကလို
အိပ်ကောင်းခြင်းနဲ့မအိပ်ရပါဘူး။

အိမ်ထောင်ကျရင်မိဘဆွေမျိုးနဲ့အတူနေတဲ့အလေ့အထလည်းမရှိ 

သူတို့ဓလေ့ ၁၈ နှစ်ဆိုရင်မိဘအိမ်ပေါ်ကဆင်းကိုယ့်ခြေထောက်ပေါ်
ကိုယ်ရပ်ကြ၊ အိမ်ထောင်ကျပြန်တော့လဲသီးခြားနေကြ၊ ပြီးတော့လင်ရောမယားရော
အလုပ်လုပ်ကြဆိုတော့ ဒီနိုင်ငံကဘသားချောငချွတ်လေးတွေ တစ်နှစ်ဝန်းကျင်ဆို
ကျောင်းပို့ကြရပါပြီ။ မနက်၅နာရီခွဲ၆နာရီဝန်းကျင်ဆိုခလေးတွေအနှိုးခံကြရပါပြီ။

ဒါတောင်အခုဥပဒေအသစ်အရမီးဖွားခွင့်တစ်နှစ်ရလာလို့ပါ။
မဝေးတဲ့ကာလတုန်းက ၆ လဘဲရတာမို့ ကျွန်တော်အလုပ်ဝင်နေတဲ့
နေ့ခလေးထိန်းနဲ့မူကြို ကျောင်းလေးမှာ ဆရာမလုပ်နေတဲ့ ၅၅ နှစ်အရွယ်
မာဂရီတာက သူတို့တုန်းကဆို အလုပ်ပြန်ဆင်းဖို့ ခလေး ၆ လမှာကျောင်းပို့ရတော့
တော်တော်ခံစားခဲ့ရကြောင်းပြောပြပါတယ်။

ကျွန်တော်အလုပ်ဝင်နေတဲ့ နေ့ကလေးထိန်းနဲ့မူကြို တွဲထားတဲ့ကျောင်းမှာ

(၉လမှ၃နှစ်ထိ)ခလေးတွေကိုနံနက်စာကျောင်းက
ကျွေးပါတယ်။ ၃နှစ်ကနေ၆နှစ်ထိမျောက်လောင်းတွေကတော့အိမ်ကစားခဲ့ကြ
ရမှာပါဘဲ။ ဒါတောင်အိမ်မှာစားချိန်မရခဲ့တဲ့ကိုယ်တော်တွေကခလေးတွေနဲ့ကပ်စား
တာလဲရှိပါတယ်။

မနက် ၆နာရီခွဲကျောင်းစဖွင့်တာနဲ့ ခလေးတွေသူတို့ရဲ့နေ့လည်စာဘူးကိုကိုယ်တိုင်
ဆွဲလို့တဖွဲဖွဲနဲ့ရောက်လာကြပါပြီ။ ငိုတဲ့သူ၊ ပျော်တဲ့သူ၊ အော်တဲ့သူ တွေနဲ့စတင်
စည်ကားပါပြီ။

                                          မနက် ၆နာရီကျောင်းလာတဲ့ နေ့ကလေးထိန်းတက္ကသိုလ်ကျောင်းသူ

မိဘကခလေးကိုကျောင်းလာပို့ရင်းအချိန်ရရင်ရသလိုခဏတော့အတူနေပေးပြီး
အလုပ်ကိုလစ်ကြရတော့တာပါ။
ကျောင်းရောက်လို့ကစားဖေါ်တွေနဲ့တွေ့ပြီးမိဘကို ဂျီမကျတဲ့ခလေးတွေရှိသလို
ငိုပြီးဂျီကျနေတဲ့ကောင်တွေလဲရှိပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ်ကျောင်းမှာထားခဲ့ကြ
ရတော့တာပါဘဲ။
မိဘရင်ခွင်မှာဘဲနေချင်ကြတဲ့အရွယ်ဖြစ်ပေမယ့် သူတို့မှာလဲရွေးစရာလမ်းမရှိတာကို
လက်ခံလိုက်ကြရပြီး တစ်နေကုန်တော်ရာမှာပျော်ကြရတဲ့ခလေးတွေဘ၀အစပါဘဲ။

ကစားရင်း၊ စားရင်းနဲ့ဘဲ ကိုယ့်အားကိုယ်ကိုးတတ်အောင်၊ အများနဲ့နေထိုင်တတ်အောင်၊
တစ်ကိုယ်ကောင်းမဆန်တတ်အောင်၊ စည်းကမ်းလိုက်နာတတ်အောင် စတဲ့

ကောင်းတဲ့အလေ့အထတွေကို ပျိုးထောင်ပေးပါတယ်။
ခလေးတွေကိုလုံးဝမရိုက်ဘဲထိန်းရတာသိပ်တော့မလွယ်ပါဘူး။
ပြောမရတော့ရင်တော့ Stop လို့အော်ရပါတော့တယ်။ ဒါဆိုသူတို့ငြိမ်သွားအောင်
train လုပ်ပေးထားရပါတယ်။

ခလေးတွေဆရာ၊ဆရာမကိုကြောက်အောင်မလုပ်ဘဲ ချစ်ပြီးအမိန့်နဲ့စည်းကမ်း
ကိုလိုက်နာလာကြပါတယ်။
 ဆိုးတဲ့ကောင်တစ်ချို့ရှိပေမယ့် ဆိုးတယ်လို့ဘယ်တော့
မှမပြောဘဲ အချိန်ပေးထိန်းကျောင်းပေးသွားတာတွေ့ရပါတယ်။

ခလေးတွေကိုယ့်အားကိုယ်ကိုးတတ်လာတာနဲ့အမျှ လူမကြောက်တတ်ကြဘဲ
မိမိကိုယ်မိမိယုံကြည်မှုရှိလာကြကာ အများနဲ့ဝင်ဆန့်လာကြကြောင်း
သူတို့ဆီကပျိုးထောင်မှုတစ်ခုကို စာဖတ်သူများအား 
မျှဝေတင်ပြလိုက်ရပါတယ်ခင်ဗျား။

(Fb post 08.11.2014)

No comments:

Post a Comment