ရေစကြို ကိုလှမြင့်နဲ့ သူ့ဇနီးဖြစ်လာမယ့် ကျောင်းသူ မခင်စန်းမြိုင် စသူတွေဟာ တပ်ဦးသစ်မှာ အတက်ကြွဆုံး ပါဝင်ဆောင်ရွက်ခဲ့ကြသူတွေပါ။
(ဝင်းမောင်သန်း - ကျောင်းသားအရေးတော်ပုံ ၁၉၅၃-၅၄)
ကျွန်တော့်ရဲ့ကျေးဇူးရှင်ဖခင်ကြီး ဦးလှမြင့် မန္တလေးတက္ကသိုလ်ကျောင်းသားဘဝ
တစ်နေ့က Fb ဖွင့်ကြည့်တဲ့အချိန်မှာ ဘိုဘို(ဘိုဘိုလန်းစင်) တင်လိုက်တဲ့ အထက်က post
လေးဖတ်ကြည့်ရင်း တစ်ခုခုထူးသလိုရုတ်တရက်ခံစားရပြီး နောက်တစ်ကြိမ်
ထပ်ဖတ်ခါမှ "ဟာ ဒါ ငါ့အဖေနဲ့အမေပါလား" ဆိုပြီးဇနီးနဲ့သမီး
ကိုပါခေါ်ပြဖြစ်တယ်။ ဘိုဘို ကိုလှမ်းမေးရတာပေါ့၊ ဘိုဘိုကစာအုပ်ဝယ်နိုင်တဲ့
link ကော၊ စာအုပ်ထဲကစာတစ်ချို့ နဲ့ စာအုပ်မျက်နှာဖုံး ပါပို့ပေးလိုက်တယ်။ စာရေးသူအကြောင်းနဲ့ပတ်သက်တဲ့ link ပါပို့ပေးလို့
ဝမ်းသာကြည်နူးစိတ်နဲ့ဖတ်ဖြစ်တယ်။
ကျွန်တော်ကသားအကြီးဆုံး၊အသက် ၅၂ နှစ်ရှိပါပြီ။ ကျွန်တော့်အဖေ
မန္တလေးတက္ကသိုလ်ကျောင်းသားဘ၀တုန်းက
တပ်ဦးမှာပါဝင်ခဲ့ဘူးတာ သာမန်ကာလျှံကာ လောက်ဘဲသိထားတာ၊
မေမေဆို ပါဝင်ဆောင်ရွက်ခဲ့ဘူးတာ အခုမှသိရပါတယ်။ အခုမှဘဲဖေဖေနဲ့မေမေတို့ရဲ့
မန္တလေးတက္ကသိုလ်မှာ ၁၉၅၃-၅၄ တုန်းက သမိုင်းစာမျက်နှာတစ်ရွက်ကို ညီငယ်
ဘိုဘိုရဲ့ကျေးဇူးနဲ့ပြန်တွေ့ရတာဘဲဖြစ်ပါတယ်။
ဘိုဘို ဆိုတာလည်းစာအလွန်ဖတ်တာကြောင့်တွေ့သွားတာပါ၊ သူအဲဒီစာအုပ်ဖတ်ရင်း သူက ဘဘနဲ့ကြီးကြီး လို့ခေါ်တဲ့ ကျွန်တော့်အဖေနဲ့အမေ နံမည်တွေတွေ့တော့ ကျွန်တော်တို့သိရအောင် fb ပေါ်တင်လိုက်တာနေမှာ။
ဘိုဘိုက ဆရာဝန်တစ်ယောက်လည်းဖြစ်ပေမဲ့ သူဝါသနာထုံရာစာတွေဖတ်မယ် ရေးမယ်ဆိုတာတွေဘဲလုပ်နေတယ်ကြားရတယ်။
ဘဘကြီးဦးလှနဲ့ ဖွားဖွားမာ တို့ရဲ့မြေး၊ အန်တီသန်း(စာရေးဆရာမ ဒေါက်တာမြမဉ္ဖူ )ရဲ့ သားဘဲလေ ဒီလောက်တော့ရှိမှာပေါ့။

ကျေးဇူးရှင် မေမေ ဒေါ်ခင်စန်းမြိုင်က ၀ဲမှယာ၎ယောက်မြောက်ဖြစ်ပြီးရွှမန်းဆောင်ရှေ့မှာပါ
ကျွန်တော်စိတ်ထဲမှာ သိချင်နေတဲ့အဖြေတစ်ခုကိုလဲအခုမှရှင်းရှင်းလင်းလင်းပိုလို့သဘောပေါက်
သွားရတာလဲရှိပါတယ်။
၈၈ တုန်းက ကျွန်တော်အိမ်ပေါ်ကဆင်းပြီး ထောင်လမ်းနီးတဲ့နိုင်ငံရေးလုပ်တော့ ကြည်ကြည်သာသာ
ခွင့်ပြု ခဲ့ကြတာတွေရယ်၊၂ နှစ်အတွင်းမှာ တင့်ဆွေ၊ အောင်ဆင့်၊ မျိုးဝင်း စတဲ့
ကျွန်တော့်ရဲဘော်သူငယ်ချင်းတွေ စစ်ခုံရုံးနဲ့ ထောင်နှစ်ရှည်တွေ ကျသွားတော့လည်း တစ်ချက်ကလေးမှမတားတဲ့ အိမ်ပြန်လာဖို့မခေါ်တဲ့ ဖေဖေနဲ့မေမေကို နားလည်သွားရပါတော့တယ်။ အိမ်ကနေဟိုနားဒီနားသွားရင်တောင် စိတ်ပူတတ်ကြတဲ့ ဖေဖေနဲ့မေမေဟာ သူတို့ရဲ့မပြီးဆုံးခဲ့တဲ့တိုက်ပွဲကို သားဖြစ်သူနောက်ဆံမတင်းရဘဲ ဆောင်ရွက်နိုင်အောင်စွန့်ခဲ့ကြတာပါလား။
ကျွန်တော့်ဖေဖေ
ကျွန်တော်ရဲ့ဆောင်းပါးလေးတွေနဲ့စာစုလေးတွေကို စာအုပ်လေးထုတ်တော့မယ်ဆိုတော့
အရင်ဆုံး သတိရမိတာကတော့ ကျွန်တော့်ရဲ့မိဘ၂ပါးဘဲဖြစ်ပါတော့တယ်။
ကျွန်တော်က ၁၉၉၅ ခုနှစ်ကထဲက မိသားစုနဲ့ခွဲကာ နိုင်ငံရပ်ခြားထွက်ခဲ့သူမို့ ဖေဖေ
နေထိုင်မကောင်းဖြစ်လို့ ၂၀၀၉ ခုနှစ်ကျမှဘဲ ဖေဖေ့ကို ခြေဆုပ်လက်နယ်ပြု စုချင်တဲ့စိတ်
နဲ့ပြန်ရောက်ခဲ့ပါတယ်။
ဖေဖေ အသက် ၆၀ ကျော်ကထဲကခွဲခဲ့တဲ့သားကြီးကျွန်တော် ဖေဖေ အသက် ၈၀ ပြည့်တော့
မှပြန်တွေ့ခွင့်ရတဲ့အခါ စကားတွေတ၀ကြီးပြောမယ်၊ ခြေဆုပ်လက်နယ် တ၀ကြီးပြုစုမယ်ဆိုတဲ့
စိတ်ကူးတွေ မပြည့်ဝခဲ့ရပါဘူး။ ဖေဖေ အခြေအနေမကောင်းဘူးဆိုတာလည်း ဖေဖေနဲ့တွေ့ဖို့
တစ်နာရီလောက်အလိုမှသိရတာဖြစ်ပါတယ်။
ကျွန်တော် ဖေဖေ့ဘေးရောက်တော့ ဖေဖေ မျောနေပါပြီ။ ကျွန်တော်လည်းရင်စို့ရပါပြီ။
မေမေက သားကြီးရောက်လာပြီလို့ပြောတော့ အတင်းကြိုးစားလို့ ကျွန်တော့်ကိုမျက်လုံးတစ်ချက်ဘဲဖွင့်ကြည့်လိုက်နိုင်ကာ ကျွန်တော်တို့မိသားစုကို ထာဝရခွဲခွါသွားခဲ့ပါတော့တယ်။
ဖေဖေကျန်းမာနေစဉ် ၁၉၉၈ ၀န်းကျင်လောက်က ကျွန်တော့်ရဲ့ဆောင်းပါးရှည်လေး ကြီးပွါးရေးမ ဂ္ဂဇင်းမှာ ပထမဆုံးပုံနှိပ်စာလုံးအဖြစ်ဖေါ်ပြခြင်းခံရပါတယ်။
မလေးရှားမှာနေစဉ်ရေးဖြစ်တဲ့ "ဘတ်(စ်)ကားKL(သို့)ဘတ်(စ်) ကားယဉ်ကျေးမှု"ဆိုတဲ့ဆောင်းပါးရှည်
ဖြစ်ပါတ ယ်။ ကျွန်တော်တို့နိုင်ငံမှာဘတ်(စ်)ကားတွေပေါ်ရောက်အောင်အတင်းတိုးတက်နေရချိန်မှာ
မလေးရှားမှာတန်းစီကြတဲ့အေ ကြာင်းအပြုသဘောရေးဖြစ်တဲ့ဆောင်းပါးဖြစ်ပါတယ်။
အဲဒီတုန်းကရတဲ့စာမူခလေးကိုေ တာ့အယ်ဒီတာကတဆင့်စာရေးဆရာကြီး အီကြာကွေး
ကိုကန်တော့ခဲ့ဘူးပါတယ်။
အဲဒီတုန်းကကျွန်တော့်ဆောင်း ပါးပါတာကိုလည်းဖေဖေကပခုက္ကူ ကနေမလေးရှားကို
မဂ္ဂဇင်းလှမ်းပို့ပေးလိုက်မှ သိရပြီးပျော်သွားခဲ့ရပါတယ်။ ၂နှစ်ဝန်းကျင်သမီးလေးရဲ့နံမ ည်
ကိုယူပြီး "သက်ထက်(YSO,PKU)" ကလောင်နံမည်နဲ့ရေးတာပါ။
အဲဒီအချိန်တွေတုန်းက သားရဲ့ဆောင်းပါးပါတဲ့ မ ဂ္ဂဇင်းလေးကိုကိုင်ပြီး မိတ်ဆွေတွေကိုလှည့်ပြ
နေတော့တာဘဲလို့ မေမေကပြန်ပြောပြပါတယ်။
စာရေးသူ၏ဖေဖေ ဦးလှမြင့် နှင့် မေမေ ဒေါ်ခင်စန်းမြိုင်
ရေစကြို အငြိမ်းစား ဆရာ၊ ဆရာမကြီးများကန်တော့ပွဲ
ပခုက္ကူ မှာ အငြိမ်းစားဆရာ၊ ဆရာမကြီးများကို ကျောင်းသားဟောင်းများကနှစ်စဉ်
ကန်တော့ပွဲကျင်းပနေတဲ့အချိန်မှာ ရေစကြို မှာကန်တော့ပွဲမလုပ်နိုင်သေးပါဘူး။
ဖေဖေဟာရေစကြိုရောက်တိုင်း အစ်ကိုဒေါက်တာအောင်မြင့်ဦး၊ ကျောင်းဆရာဦးကျော်ဝင်း၊
ဦးခင်မောင်ဦး၊ ကျောင်းအုပ်ကြီးဦးအောင်ထိုက်၊ ဦးဝင်းတင်စတဲ့သူတွေနဲ့ တွေ့ဆုံလို့
အငြိမ်းစားဆရာ၊ ဆရာမကြီးများပူဇော်ပွဲပေါ်ပေါက်လာရေးလုံးပမ်းကြပါတော့တယ်။
အဲဒီပွဲလေးဖြစ်ဖို့ မကြာခဏတိုက်တွန်းနေတဲ့ ဖေဖေ့ ကိုအစ်ကိုဒေါက်တာအောင်မြင့်ဦး
က နောက်ဆုံးမှာ " အစ်ကိုကြီးသာ မတည်ဖို့ငွေရအောင်ရှာပေး ကျန်တာကျွန်တော်တို့
ဆက်ကြိုးစားမယ်" လို့ဂတိပေးပါတော့တယ်။
အဲဒီအခါမှာ ၀န်ထမ်း ဖေဖေလဲ ပခုက္ကူ ပြန်ရောက်တော့ အစ်ကိုကြီးသံစည်ကိုပါခေါ်လို့
ပခုက္ကူ က ရေစကြို ဆက်တွေဆီမှာအလှူ လိုက်ခံပါတော့တယ်။
အလှူ ငွေမပြည့်သေးတာနဲ့ ရန်ကုန်ကိုကိုယ့်စားရိတ်နဲ့ကိုယ် အလှူ ခံဖို့ဆင်းသွား
ခဲ့ပါတော့တယ်။
၂၀၀၉ ဖေဖေဆုံးတဲ့အခါမှာ ပြန်တွေ့ရတဲ့ ရန်ကုန်ဆန်ကုန်သည်ကြီးများအသင်း
ဥက္ကဌ ဖြစ်နေတဲ့ အစ်ကိုဝင်း( ဦးဝင်း) က အဲဒီတုန်းကအကြောင်းလေးတစ်ခုပြန်ပြော
ပြတာဟာ ကျွန်တော့်ရင်ထဲမှာ ကြည်နူးဝမ်းသာရသလို ပရဟိတသမားတွေအတွက်
လည်း စံပြအတုယူစရာဖြစ်ခဲ့ပါတော့တယ်။
"အဲဒီတုန်းက မင်းဖေဖေ အစ်ကိုကြီးလှမြင့်ရယ် ငါတို့တွေရယ် ရန်ကုန်မှာအလှူ လိုက်ခံကြ
တယ်လေ။ ၃၊ ၄ အိမ်ပြီး မောတော့ လက်ဘက်ရည်ဆိုင်ထိုင်ကြတာပေါ့၊ ငွေရှင်းကြမယ်ဆိုတော့
ငါက အလှူ ခံငွေထဲကပေးဖို့လုပ်တာပေါ့ကွာ၊ မင်းအဖေက အဲဒီထဲကမလုပ်ပါနဲ့မောင်ဝင်းရာ
ဆိုပြီး သူကအိတ်စိုက်ပြီး ရှင်းသွားတာ ငါ့ဘ၀မှာဘယ်တော့မှမေ့တော့မှာမဟုတ်ဘူး"
လို့ ကျွန်တော့်ကိုပြန်ပြောပြခဲ့ပါတော့တယ်။
ရန်ကုန်ကပြန်ရောက်တဲ့အခါမတော့ ပခုက္ကူ မှာ ၀န်ထမ်းလုပ်နေဆဲဖေဖေဟာ သူချစ်တဲ့
ရေစကြို မြို့ကိုသွားလို့ ကျောင်းသားဟောင်းကြီးတွေအပါအ၀င်မြို့မိမြို့ဖတွေနဲ့
အခမ်းအနားလေးလုပ်လို့ အလှူ ခံရငွေအားလုံးကိုလွှဲအပ်ပေးခဲ့ပါတယ်။
အဲဒီအချိန်ကစလို့ ရေစကြို မှာ နှစ်စဉ် အငြိမ်းစားဆရာ၊ ဆရာမများကန်တော့ပွဲ စတင်ကျင်းပ
နိုင်ခဲ့ပါတယ်။ ဖေဖေ မရှိတော့ပေမယ့်လည်း စေတနာရှင်ကျောင်းသားဟောင်းကြီး
တွေမှ ဆက်လက်ဦးဆောင်ကျင်းပနေကြတာ မုဒိတာပွါးဖွယ်ကြားသိနေရသလို ကျွန်တော်
တို့ကျန်ရစ်ခဲ့တဲ့ မေမေနဲ့မောင်နှမများမှလည်း နှစ်စဉ်တတ်စွမ်းသမျှ ၀ိုင်းဝန်းနေကြဆဲပါ။
ကျွန်တော်တို့မိသားစုလေးစုံစုံညီညီ(၁၉၉၄)
ပခုက္ကူ စီးကရက်စက်ရုံမှာလည်း စက်ရုံဓမ္မာရုံလေး ပေါ်ထွန်းအောင်ကြိုးစားခဲ့တဲ့ဖေဖေ၊
ဝန်ထမ်းထဲက အရက်ဖြတ်ချင်သူများကိုလည်း ဆေးရုံတင်ပေးလို့ အိမ်ခြံထွက်နွားနို့ကို
ကိုယ်တိုင်ပို့ပေးခဲ့တဲ့ စက်ရုံမှူးဖေဖေ၊ ပင်စင်ရပြန်တော့လည်း နာရေးပရဟိတလုပ်ငန်း
တွေနဲ့ဘ၀နေညို ချိန်တွေကို မေမေနဲ့အတူဖြတ်သန်းခဲ့တဲ့ဖေဖေ၊
မိသားစုကိုတာဝန်ကျေခဲ့တဲ့ဖေဖေ၊ သားသမီး ၆ ယောက်စလုံးကို လောကအလည် တင့်တင့်တယ်တယ်
ရပ်နိုင်ဖို့ ရိုးသားခြင်းအမွေ၊ ပညာအမွေ ပေးခဲ့တဲ့ ဖေဖေဟာ မေမေနဲ့သားတို့၊ သမီးတို့ရင်ထဲမှာ ထာဝရရှင်သန်နေမှာဘဲဖြစ်ပါတယ် ဖေဖေ ခင်ဗျား။
(Fb Note. Oct, 2013)
ကျွန်တော်စိတ်ထဲမှာ သိချင်နေတဲ့အဖြေတစ်ခုကိုလဲအခုမှရှင်းရှင်းလင်းလင်းပိုလို့သဘောပေါက်
သွားရတာလဲရှိပါတယ်။
၈၈ တုန်းက ကျွန်တော်အိမ်ပေါ်ကဆင်းပြီး ထောင်လမ်းနီးတဲ့နိုင်ငံရေးလုပ်တော့ ကြည်ကြည်သာသာ
ခွင့်ပြု ခဲ့ကြတာတွေရယ်၊၂ နှစ်အတွင်းမှာ တင့်ဆွေ၊ အောင်ဆင့်၊ မျိုးဝင်း စတဲ့
ကျွန်တော့်ရဲဘော်သူငယ်ချင်းတွေ စစ်ခုံရုံးနဲ့ ထောင်နှစ်ရှည်တွေ ကျသွားတော့လည်း တစ်ချက်ကလေးမှမတားတဲ့ အိမ်ပြန်လာဖို့မခေါ်တဲ့ ဖေဖေနဲ့မေမေကို နားလည်သွားရပါတော့တယ်။ အိမ်ကနေဟိုနားဒီနားသွားရင်တောင် စိတ်ပူတတ်ကြတဲ့ ဖေဖေနဲ့မေမေဟာ သူတို့ရဲ့မပြီးဆုံးခဲ့တဲ့တိုက်ပွဲကို သားဖြစ်သူနောက်ဆံမတင်းရဘဲ ဆောင်ရွက်နိုင်အောင်စွန့်ခဲ့ကြတာပါလား။
ကျွန်တော့်ဖေဖေ
ကျွန်တော်ရဲ့ဆောင်းပါးလေးတွေနဲ့စာစုလေးတွေကို စာအုပ်လေးထုတ်တော့မယ်ဆိုတော့
အရင်ဆုံး သတိရမိတာကတော့ ကျွန်တော့်ရဲ့မိဘ၂ပါးဘဲဖြစ်ပါတော့တယ်။
ကျွန်တော်က ၁၉၉၅ ခုနှစ်ကထဲက မိသားစုနဲ့ခွဲကာ နိုင်ငံရပ်ခြားထွက်ခဲ့သူမို့ ဖေဖေ
နေထိုင်မကောင်းဖြစ်လို့ ၂၀၀၉ ခုနှစ်ကျမှဘဲ ဖေဖေ့ကို ခြေဆုပ်လက်နယ်ပြု စုချင်တဲ့စိတ်
နဲ့ပြန်ရောက်ခဲ့ပါတယ်။
ဖေဖေ အသက် ၆၀ ကျော်ကထဲကခွဲခဲ့တဲ့သားကြီးကျွန်တော် ဖေဖေ အသက် ၈၀ ပြည့်တော့
မှပြန်တွေ့ခွင့်ရတဲ့အခါ စကားတွေတ၀ကြီးပြောမယ်၊ ခြေဆုပ်လက်နယ် တ၀ကြီးပြုစုမယ်ဆိုတဲ့
စိတ်ကူးတွေ မပြည့်ဝခဲ့ရပါဘူး။ ဖေဖေ အခြေအနေမကောင်းဘူးဆိုတာလည်း ဖေဖေနဲ့တွေ့ဖို့
တစ်နာရီလောက်အလိုမှသိရတာဖြစ်ပါတယ်။
ကျွန်တော် ဖေဖေ့ဘေးရောက်တော့ ဖေဖေ မျောနေပါပြီ။ ကျွန်တော်လည်းရင်စို့ရပါပြီ။
မေမေက သားကြီးရောက်လာပြီလို့ပြောတော့ အတင်းကြိုးစားလို့ ကျွန်တော့်ကိုမျက်လုံးတစ်ချက်ဘဲဖွင့်ကြည့်လိုက်နိုင်ကာ ကျွန်တော်တို့မိသားစုကို ထာဝရခွဲခွါသွားခဲ့ပါတော့တယ်။
ဖေဖေကျန်းမာနေစဉ် ၁၉၉၈ ၀န်းကျင်လောက်က ကျွန်တော့်ရဲ့ဆောင်းပါးရှည်လေး ကြီးပွါးရေးမ
မလေးရှားမှာနေစဉ်ရေးဖြစ်တဲ့
ဖြစ်ပါတ
မလေးရှားမှာတန်းစီကြတဲ့အေ
အဲဒီတုန်းကရတဲ့စာမူခလေးကိုေ
ကိုကန်တော့ခဲ့ဘူးပ
အဲဒီတုန်းကကျွန်တော့်ဆောင်း
မဂ္ဂဇင်းလှမ်းပို့ပေးလိုက်မှ
ကိုယူပြီး "သက်ထက်(YSO,PKU)" ကလောင်နံမည်နဲ့ရေးတာပါ။
အဲဒီအချိန်တွေတုန်းက သားရဲ့ဆောင်းပါးပါတဲ့ မ
နေတော့တာဘဲလို့ မေမေကပြန်ပြောပြပါတယ်။
စာရေးသူ၏ဖေဖေ ဦးလှမြင့် နှင့် မေမေ ဒေါ်ခင်စန်းမြိုင်
ရေစကြို အငြိမ်းစား ဆရာ၊ ဆရာမကြီးများကန်တော့ပွဲ
ပခုက္ကူ မှာ အငြိမ်းစားဆရာ၊ ဆရာမကြီးများကို ကျောင်းသားဟောင်းများကနှစ်စဉ်
ကန်တော့ပွဲကျင်းပနေတဲ့အချိန်မှာ ရေစကြို မှာကန်တော့ပွဲမလုပ်နိုင်သေးပါဘူး။
ဖေဖေဟာရေစကြိုရောက်တိုင်း အစ်ကိုဒေါက်တာအောင်မြင့်ဦး၊ ကျောင်းဆရာဦးကျော်ဝင်း၊
ဦးခင်မောင်ဦး၊ ကျောင်းအုပ်ကြီးဦးအောင်ထိုက်၊ ဦးဝင်းတင်စတဲ့သူတွေနဲ့ တွေ့ဆုံလို့
အငြိမ်းစားဆရာ၊ ဆရာမကြီးများပူဇော်ပွဲပေါ်ပေါက်လာရေးလုံးပမ်းကြပါတော့တယ်။
အဲဒီပွဲလေးဖြစ်ဖို့ မကြာခဏတိုက်တွန်းနေတဲ့ ဖေဖေ့ ကိုအစ်ကိုဒေါက်တာအောင်မြင့်ဦး
က နောက်ဆုံးမှာ " အစ်ကိုကြီးသာ မတည်ဖို့ငွေရအောင်ရှာပေး ကျန်တာကျွန်တော်တို့
ဆက်ကြိုးစားမယ်" လို့ဂတိပေးပါတော့တယ်။
အဲဒီအခါမှာ ၀န်ထမ်း ဖေဖေလဲ ပခုက္ကူ ပြန်ရောက်တော့ အစ်ကိုကြီးသံစည်ကိုပါခေါ်လို့
ပခုက္ကူ က ရေစကြို ဆက်တွေဆီမှာအလှူ လိုက်ခံပါတော့တယ်။
အလှူ ငွေမပြည့်သေးတာနဲ့ ရန်ကုန်ကိုကိုယ့်စားရိတ်နဲ့ကိုယ် အလှူ ခံဖို့ဆင်းသွား
ခဲ့ပါတော့တယ်။
ရေစကြို အထက(၁) စတုတ္ထကြိမ်မြောက် အာစရိယပူဇော်ပွဲ အခန်းအနားတွင်
ကျွန်တော်တို့ဖေဖေအမှာကား ပြောကြားနေစဉ်၂၀၀၉ ဖေဖေဆုံးတဲ့အခါမှာ ပြန်တွေ့ရတဲ့ ရန်ကုန်ဆန်ကုန်သည်ကြီးများအသင်း
ဥက္ကဌ ဖြစ်နေတဲ့ အစ်ကိုဝင်း( ဦးဝင်း) က အဲဒီတုန်းကအကြောင်းလေးတစ်ခုပြန်ပြော
ပြတာဟာ ကျွန်တော့်ရင်ထဲမှာ ကြည်နူးဝမ်းသာရသလို ပရဟိတသမားတွေအတွက်
လည်း စံပြအတုယူစရာဖြစ်ခဲ့ပါတော့တယ်။
"အဲဒီတုန်းက မင်းဖေဖေ အစ်ကိုကြီးလှမြင့်ရယ် ငါတို့တွေရယ် ရန်ကုန်မှာအလှူ လိုက်ခံကြ
တယ်လေ။ ၃၊ ၄ အိမ်ပြီး မောတော့ လက်ဘက်ရည်ဆိုင်ထိုင်ကြတာပေါ့၊ ငွေရှင်းကြမယ်ဆိုတော့
ငါက အလှူ ခံငွေထဲကပေးဖို့လုပ်တာပေါ့ကွာ၊ မင်းအဖေက အဲဒီထဲကမလုပ်ပါနဲ့မောင်ဝင်းရာ
ဆိုပြီး သူကအိတ်စိုက်ပြီး ရှင်းသွားတာ ငါ့ဘ၀မှာဘယ်တော့မှမေ့တော့မှာမဟုတ်ဘူး"
လို့ ကျွန်တော့်ကိုပြန်ပြောပြခဲ့ပါတော့တယ်။
ရန်ကုန်ကပြန်ရောက်တဲ့အခါမတော့ ပခုက္ကူ မှာ ၀န်ထမ်းလုပ်နေဆဲဖေဖေဟာ သူချစ်တဲ့
ရေစကြို မြို့ကိုသွားလို့ ကျောင်းသားဟောင်းကြီးတွေအပါအ၀င်မြို့မိမြို့ဖတွေနဲ့
အခမ်းအနားလေးလုပ်လို့ အလှူ ခံရငွေအားလုံးကိုလွှဲအပ်ပေးခဲ့ပါတယ်။
အဲဒီအချိန်ကစလို့ ရေစကြို မှာ နှစ်စဉ် အငြိမ်းစားဆရာ၊ ဆရာမများကန်တော့ပွဲ စတင်ကျင်းပ
နိုင်ခဲ့ပါတယ်။ ဖေဖေ မရှိတော့ပေမယ့်လည်း စေတနာရှင်ကျောင်းသားဟောင်းကြီး
တွေမှ ဆက်လက်ဦးဆောင်ကျင်းပနေကြတာ မုဒိတာပွါးဖွယ်ကြားသိနေရသလို ကျွန်တော်
တို့ကျန်ရစ်ခဲ့တဲ့ မေမေနဲ့မောင်နှမများမှလည်း နှစ်စဉ်တတ်စွမ်းသမျှ ၀ိုင်းဝန်းနေကြဆဲပါ။
ကျွန်တော်တို့မိသားစုလေးစုံစုံညီညီ(၁၉၉၄)
ပခုက္ကူ စီးကရက်စက်ရုံမှာလည်း စက်ရုံဓမ္မာရုံလေး ပေါ်ထွန်းအောင်ကြိုးစားခဲ့တဲ့ဖေဖေ၊
ဝန်ထမ်းထဲက အရက်ဖြတ်ချင်သူများကိုလည်း ဆေးရုံတင်ပေးလို့ အိမ်ခြံထွက်နွားနို့ကို
ကိုယ်တိုင်ပို့ပေးခဲ့တဲ့ စက်ရုံမှူးဖေဖေ၊ ပင်စင်ရပြန်တော့လည်း နာရေးပရဟိတလုပ်ငန်း
တွေနဲ့ဘ၀နေညို ချိန်တွေကို မေမေနဲ့အတူဖြတ်သန်းခဲ့တဲ့ဖေဖေ၊
မိသားစုကိုတာဝန်ကျေခဲ့တဲ့ဖေဖေ၊ သားသမီး ၆ ယောက်စလုံးကို လောကအလည် တင့်တင့်တယ်တယ်
ရပ်နိုင်ဖို့ ရိုးသားခြင်းအမွေ၊ ပညာအမွေ ပေးခဲ့တဲ့ ဖေဖေဟာ မေမေနဲ့သားတို့၊ သမီးတို့ရင်ထဲမှာ ထာဝရရှင်သန်နေမှာဘဲဖြစ်ပါတယ် ဖေဖေ ခင်ဗျား။
(Fb Note. Oct, 2013)
No comments:
Post a Comment