Friday, 2 October 2015

ဒိန်းမတ်နိုင်ငံကပျိုးထောင်မှုတစ်ခု

           ကျွန်တော်အလုပ်ဝင်နေတဲ့နေ့ခလေးထိန်း၊မူကြိုကျောင်းလေးကနေ့ခင်းပိုင်းခလေးတွေရဲ့အိပ်ခန်းပုံလေးပါ။

နေ့ခလေးထိန်းဆက်ရှင်မှာဖြစ်ပြီး၊ ၉လ အရွယ်မှစလို့ လက်ခံပါပြီ။
၃ နှစ်ပြည့်ရင်တော့ မူကြိုကိုလွှဲပြောင်းပေးမှာပါ။
၆ နှစ်ပြည့်တဲ့အခါမတော့ ကျောင်းကြီးကိုရွှေ့သွားကြပါပြီ။

ပုံမှာမြင်ရတဲ့အတိုင်း လှေကားထောင်ကိုင်ပေးထားပြီးသူတို့ဘာသာတက်အိပ်ရမှာဘဲဖြစ်ပါတယ
ကိုယ့်အားကိုယ်ကိုးစိတ်နဲ့ မိမိကိုယ်ကိုယုံကြည်မှုရှိစိတ်တို့ကို
တစ်နှစ်ဝန်းကျင်အရွယ်ကထဲကပျိုးထောင်ခြင်းပါ။

လွန်လွန်းတယ်ပြောရမလား..အနှီးထုတ်လဲဖို့တောင် သူတို့ဘာသာ
ကုတင်လေးပေါ်ကို လှေကားတပ်ပေးထားပြီး လေးဘက်ထောက်တက်ရမှာဖြစ်ပါတယ်။
ဆရာမကတော့ဘေးကထိန်းပေးပါတယ်။
သူတို့တွေ သူတို့နိုင်ငံကိုတည်ဆောက်ခြင်းရဲ့တစိတ်တဒေသဖြစ်ပါတယ်။
                                                 အနှီးထုတ်လဲပေးဖို့သူတို့ဘာသာလှေကားကတက်ခိုင်းပါတယ်

"ခလေးတွေသူတို့ဘာသာလုပ်နိုင်တာတွေကို မိဘလူကြီးတွေကအစစ
အရာရာလိုက်လုပ်ပေးနေတာဟာ သူတို့ရဲ့ကိုယ့်အားကိုယ်ကိုးချင်စိတ်ကို
ချိုးနှိမ်ရာ ရောက်တယ်"
ဆိုတာ လူကြီးမိဘတွေအထူးသတိပြုရမယ့်အချက်ပါ။

ရာသီဥတုနဲ့လည်း ယဉ်ပါးအောင်ခလေးအိပ်ခန်းကိုအပြင်ထုတ်ထားပါတယ်။
Snow တွေကျနေလည်း ဒီကောင်တွေအပြင်မှာဘဲအိပ်ရပါတယ်။
မိဘတွေကလည်း သူတို့အိမ်မှာနေ့လည်နေ့ခင်းအိပ်ရင်လည်း တွန်းလှည်းကို
အိမ်အပြင်ထုတ်ထားလေ့ရှိကြပါတယ်။ လေကောင်းလေသန့်ရအောင်ရယ်၊
အအေးဒဏ်ခံနိုင်အောင်ရယ် လို့ပြောပါတယ်။

ကျွန်တော်တို့ငယ်ငယ်ကလို ပုခက်လွှဲသိပ်ခြင်း၊ ချီပြီးသိပ်ခြင်းမခံကြရရှာပါဘူး။
ပုခက်လွှဲသိပ်ခြင်းကို ခလေးဆိုင်ရာစိတ်ပညာရှင်တွေကလည်းအားမပေးကြောင်း
သိရပါတယ်။

နေ့ခလေးထိန်း ၃နှစ်အောက်ကထဲက ကိုယ့်ဘာသာစားသောက်စေခဲ့တဲ့ခလေး
တွေဟာ ၃နှစ်ကျော်မူကြိုရောက်ရင် ကိုယ့်အ၀တ်အစား ကိုယ့်ဘာသာဝတ်ရပါပြီ။
ကိုယ့်ဘိနပ် ကိုယ့်ဘာသာစီးကြရပါပြီ။ သူတို့အတွက်ခက်ခဲတာမျိုး ဥပမာ
ဇစ်ဆွဲရခက်နေတာမျိုးလောက်ဘဲ ဆရာကလုပ်ပေးရပါတော့တယ်။
ဒါတောင်သူတို့ကို ကိုယ်တိုင်ကြိုးစားလုပ်ကြည့်စေပြီးမှ လုပ်ပေးရတာဖြစ်ပါတယ်။

ဒီနိုင်ငံက လင်ရောမယားပါအလုပ်လုပ်ကြတဲ့နိုင်ငံဖြစ်ပြီး မိဘနဲ့အတူနေတဲ့စနစ်
မရှိတာကြောင့် ခလေးတိုင်း နေ့ခလေးထိန်း၊ မူကြို သွားကြရမှာဘဲဖြစ်ပါတယ်။

ဒါကြောင့်သူတို့အစိုးရက နိုင်ငံတော်ကိုကောင်းသည်ထက်ကောင်းအောင်
ခလေးတွေကစလို့ တည်ဆောက်နေခြင်းပါ။
အစိုးရဆိုတာပြည်သူ့အတွက်ဆိုတာနဲ့အညီ အုပ်ချုပ်ရေးတွေ၊ ပညာရေးတွေ၊
လမ်းပန်းဆက်သွယ်ရေးတွေ၊ စွမ်းအင်ပိုင်းဆိုင်ရာတွေ၊ စသဖြင့်တွေကို
ကောင်းသည်ထက်ကောင်းဖို့ ဆွေးနွေး အကောင်အထည်ဖေါ်နေရတာကြောင့်
မလိုအပ်တာတွေလုပ်နေဖို့ ပြည်သူ့အစိုးရတွေမှာအချိန်မရှိပါကြောင်း၊
ကျွန်တော့်ရဲ့စာရှု့သူမိတ်ဆွေများကိုတင်ပြလိုက်ရပါတယ်ခင်ဗျား။

(Fb post 04.01.2015)

No comments:

Post a Comment